အဝေးရောက် မြန်မာလူငယ်များအဖွဲ့ န၀မအကြိမ် အလှူပြုလုပ်ရန် နေရာ

 


အဝေးရောက် မြန်မာလူငယ်များအဖွဲ့ န၀အကြိမ် အလှူပြုလုပ်ရန်နေရာအား အောင်မေတ္တာကျောင်းတိုက် ဘိုးဘွားဓမ္မရိပ်သာ ၊ မင်းရဲကျော်စွာလမ်း ၊ ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး တွင် သွားရောက်ပြုလုပ်မည်ဖြစ်ပါသည်။ ကျောင်းတိုက်တွင် ဘိုးဘွားများတွင်သာမကပဲ ကလေးငယ်များလည်းရှိပြီ လက်ရှိတွင် ဆေးရုံဆောင်လုပ်နေပြီး ဆေးရုံဆောက်လုပ်ရန်အတွက် အုပ် ၊ သဲ ၊ ကျောက် နှင့် ဘိလပ်မြေများ လိုအပ်လျှက်ရှိပြီး အုပ်တစ်လုံးလျှင် ၅၅ ကျပ်နှုံးဖြင့် လှူဒါန်းမှု့အားပြုလုပ်နိုင်ပြီး။ ကလေးငယ်များအတွက် ပညာဒါနအနေဖြင့် ကျောင်းသုံး စာရေးကရိယာများအတွက် အလှူရှင်နည်းပါးနေပါသည်။ အဟာရဒါန အနေဖြင့် အာရုံဆွမ်းတစ်နှပ် - ၃၀၀၀၀ ကျပ် နေ့ဆွမ်းတစ်နှပ် - ၆၀၀၀၀ ကျပ် ဘိုးဘွားများအတွက် ညနေစာ - ၃၀၀၀၀ ကျပ်ဖြင့် လှူနိင်ပါကြောင်း ပရဟိတ အဖွဲ့များနှင့် အလှူရှင်များအား အသိပေး နှိုးဆော်လိုက်ပါသည်။ အသေးစိတ်အချက်လက်များအား ဆက်လက်တင်ပြသွားပါမည်။ အဝေးရောက် မြန်မာလူငယ်များအဖွဲ့ အနေဖြင့် အလှူအား ၂၆ ရက် ၅ လ ၂၀၁၃ ရက်နေ့တွင်သွားရောက်ပြုလုပ်မည်ဖြစ်ပါသည်။

အဝေးရောက် မြန်မာလူငယ်များအဖွဲ့ အဌမအကြိမ်အလှူ

အဝေးရောက် မြန်မာလူငယ်များအဖွဲ့ အဌမအကြိမ် အလှူအား ၆ ရက် ၄ လ ၂၀၁၃ ရက်နေ့တွင် ၀ိသာခါသီလရှင်ပညာရေးကျောင်း ကွမ်းအပ်မင်းသားကြီး၊(၈၁) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် သွားရောက်ပြုလုပ်ခဲ့ပါသည်။ အဝေးရောက် မြန်မာလူငယ်များအဖွဲ့ (ကိုရီးယား) မှ အဖွဲ့ဝင်ကိုနေမျိုးမှ မွေးနေ့အလှူအား ယနေ့ ၆ ရက် ၄ လ၂၀၁၃ ခုနှစ်တွင်သွားရောက်ပြုလုပ်ခဲ့ပါသည်။အသက်၂၃ နှစ်ပြည့်မွေးနေ့ရှင် ကိုနေမျိုးမှ ကလေးငယ်များအား အဟာရဒါနအဖြစ် နေ့လည်စာထမင်းကျွေးခြင်းနှင့် အခြားအလှူများအတွက် အလှူငွေကျပ် ၂ သိန်း ၃ သောင်းလှူဒါန်းပြီး အဝေးရောက် မြန်မာလူငယ်အဖွဲ့မှ ဆန် နှင့်အခြားသော ပစ္စည်းများအား လှူဒါန်းမှူ့အားပြုလုပ်ခဲ့ပါသည်။

အဝေးရောက် မြန်မာလူငယ်အဖွဲ့ သတ္တမအကြိမ်အလှူ

အဝေးရောက် မြန်မာလူငယ်အဖွဲ့၏ သတ္တမအကြိမ်အလှူပြုလုပ်ခြင်းအား မြသိင်္ဂီ သီလရှင်စာသင်တိုက် သီသင်ပညာရေး(ပရဟိတ) ကျောင်းတွင် သွားရောက်ပြုလုပ်ခဲ့ကြပါသည်။ သွားရောက်ပြုလုပ်ခဲ့သောအလှူ အမျိုးအစားများမှာ ဆန် ၁၃ အိပ် (တစ်အိပ်အား အလှူရှင် အာခိုမှ လှူဒါန်းပြီး)၊ ကုလားပဲ ၁၀ ပိဿ ၊ ဆီ ၁၀ ပိဿ ၊ အချိုမုန့်ပေါင်ထုပ် ၂ ထုပ် ၊ ငါးခြောက်တစ်ထုပ် ၊ ကြက်သွန် ပိဿ ၄၀ ၊ မုန့်လက်ဆောင်း လူ ၁၇၀ စာ တို့ကိုသွားရောက်လှူဒါန်းမှု့အားပြုလုပ်ခဲ့ပြီး အဝေးရောက် မြန်မာလူငယ်အဖွဲ့ အလှူပြုလုပ်သည့်ရက်နှင့် အလုံမြို့နယ်မှ ဂရုနာဖြူစင်ဖွဲ့မှ မြသိင်္ဂီ ကျောင်းတွင် ကျောင်းမှ သီလှရှင်ဆရာလေးများနှင့် ကလေးငယ်များအား ထမင်းကျွေးခြင်းအလှူ ပြုလုပ်ခြင်းမှာ တရက်တည်းဖြစ်နေပါသဖြင့် ဂရုနာဖြူစင်အဖွဲ့ (အလုံမြို့နယ်) မှ ဓါတ်ပုံတချို့အား တပေါင်းတည်းတင်ပြပေးလိုက်ပါသည်။ အဝေးရောက် မြန်မာလူငယ်အဖွဲ့(ရန်ကုန်)မှ အဖွဲ့ဝင်များသည်ကျောင်းသားကျောင်းသူများ ဖြစ်သောကြောင့် စာမေးပွဲရက်နီးနေပါသဖြင့် ယနေ့ပြုလုပ်သောအလှူတွင် အားလုံးမလိုက်ပါနိုင်သည်ကို ခွင့်လွှတ်ပေးကြပါရန် တပါတည်းအသိပေးအပ်ပါသည်ခင်ဗျာ။